လှိုင် ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန်ရည်ရွယ်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို လှိုင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (၁) ၌ ယနေ့နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆင်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဝင်းသီတာမိုးက (၁၉၄၇) ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့အကြောင်း၊ အာဇာနည် ပုဂ္ဂိုလ်ကြီးများ၏အကြောင်းနှင့် စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးအကြောင်းများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြော ခဲ့ကြောင်း သိရသည်။
ဝင်းသီတာမိုး(ပြန်/ဆက်)