စစ်တွေ ဇူလိုင် ၁၄
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျောင်းသား၊ ကျောင်းသူ လူငယ်များ လူအများရှေ့တွင် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန်၊ အသိပညာ ဗဟုသုတများ ပြည့်ဝပြီး လက်ဆင့်ကမ်းမျှဝေတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ဗလငါးတန်ပြည့်ဝစေရန်ရည်ရွယ်၍ အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၁၀:၃၀ချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်က လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေါ်ခင်ယုယုနွယ်က ဆောင်ရွက်ပြီး Grade-11 ကျောင်းသား၊ ကျောင်းသူ(၃)ဦးနှင့် Grade-9 ကျောင်းသူ(၁)ဦးတို့က လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြရာ ဆွေးနွေးသည့် ကျောင်းသား ကျောင်းသူများအား ဒေါ်ခင်ယုယုနွယ်က အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။
အဆိုပါစကားဝိုင်းသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများ၊ ခရိုင်ပညာရေးမှူးနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်း သူ(၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသသည့် ၇၆ နှစ်မြောက် အာဇာနည်နေ့ အသိပညာပေးခြင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ် စာစောင်များအား တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
ဇူလိုင်ကြယ်(ပြန်ဆက်)