မိုးမောက်မြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

မိုးမောက် ဇူလိုင် ၁၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ အ.ထ.က မိုးမောက် ပညာရတနာခန်းမတွင်  မြို့နယ်ပညာရေးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ရွယ်နှောင်းက တိုးတက်လာသောခေတ်နှင့် နည်းမှန်လမ်းမှန်တိုးတက်ခြင်းကို ကျောင်းသား/ကျောင်းသူများ သိရှိ နားလည်စေရန်နှင့် ပညာ၏တန်ဖိုးနှင့် အတတ်ပညာအသိပညာများကို ကြိုးပမ်းလေ့ကျင့်ကြရန်ကို အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး မြို့နယ် အား/ကာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလတ်က “အားကစားနှင့်လူငယ်” ခေါင်းစဉ်ဖြင့် အားကစားဖြင့်နိုင်ငံ့ ဂုဏ်ဆောင်နိုင်ခြင်း၊ ကျောင်းမှ မြို့နယ်၊ မြို့နယ်မှခရိုင်၊ ခရိုင်မှသည် နိုင်ငံကိုယ်စားပြု အားကစားသမားကောင်းများ ဖြစ်လာနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် အားကစားနှင့်ပညာဘက်စုံ ထူးချွန်ကောင်းမွန်သော ကျောင်းသား/ကျောင်းသူများ ဖြစ်လာစေရေး ကြိုးပမ်းကြရန် အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး “ဒေါ်လွန်းနန်းထွေးက စာဖတ်ခြင်း အလေ့အထနှင့် လူငယ်နှင့်ခေါင်းဆောင်မှု” ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူများသည် စာဖတ်ခြင်း အလေ့အထကို နေ့စဉ်မိနစ် (၃၀)ခန့် အချိန်ပေးဖတ်မှတ် လေ့လာသင့်ကြောင်းနှင့် “ချမ်းသာခြင်းနှင့် စာဖတ်ခြင်း ညီမျှမှုရှိသလား” ဟူသော ပုံပြင်သာဓကဖြင့် စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေပြီး အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်သော ပညာ၏တန်ဖိုးကို သိမြင်နိုင်စေရန် အကျယ်တဝင့် ရှင်းလင်းပြောကြားခြင်းနှင့် အဆိုပါ ဟောပြောပွဲသို့ အ.ထ.က မိုးမောက်ကျောင်း GRADE (10) မှ ကျောင်းသား/ကျောင်းသူ (၁၅၀) ခန့်တက် ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်