(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

ချောင်းဆုံ ဇူလိုင် ၁၄

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အနေဖြင့် အာဇာနည်ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိများ၊ အာဇာနည်နေ့အကြောင်း သိကောင်းစရာများ ဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီဌာနတို့ပူးပေါင်းကာ  ယနေ့နံနက်(၁၀)နာရီက ကုလားတို့(အ.မ.က)ကျောင်းတွင် ပြုလုပ်သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်(ပြန်/ဆက်)ဌာနတာဝန်ရှိသူများမှ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုများသမိုင်းကြောင်းနှင့်  အာဇာနည်နေ့ဖြစ်ပေါ် လာပုံသမိုင်းကြောင်းများ၊ လူငယ်နှင့်ခေါင်းဆောင်မှု စသည့်အရာများ အသိပညာပေးဟောပြောခဲ့ပြီး အာဇာနည်နေ့နှင့်ပတ်သက်သည့် မှတ်တမ်းဓါတ်ပုံများနှင့် အာဇာနည်ခေါင်းဆောင် (၉)ဦး၏ အတ္ထုပ္ပတ္တိများစသည့်  နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)