ရွှေကူ ဇူလိုင် ၁၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲခန့်က အဆိုပါကျောင်းရှိ ပညာ့ဂုဏ်ရည်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် Grade-11 မှကျောင်းသား၊ ကျောင်းသူများက “လူချွန်လူကောင်း” သီချင်းဖြင့် အဖွင့်သီချင်းသီဆိုခဲ့ပြီး ရွှေကူမြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားကာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်မြတ်နွယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းနှင့် အလှူရှင်များက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် သုံးဘာသာဂုဏ်ထူး၊ နှစ်ဘာသာဂုဏ်ထူး၊ တစ်ဘာသာဂုဏ်ထူးရရှိသူများအား တစ်ဘာသာလျှင် ဂုဏ်ပြုငွေ (၇၀၀၀ဝိ/) ကျပ်စီဖြင့် ဆုများအသီးသီးချီး မြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)