မုံးကိုးမြို့တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များလက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းများဆောင်ရွက်

မုံးကိုး ဇူလိုင် ၁

ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များလက်ဝယ်အရောက်သွားရောက် ငှားရမ်းပေးခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးကိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယမန်နေ့နံနက်(၉)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် စာဖတ်ပရိတ်သတ်များအတွက် အလွယ်တကူစာအုပ်ကိုဖတ်ရှုနိုင်ရန် ရပ်ကွက်အတွင်းသို့ ယခုလတွင် သုတ၊ ရသ စာအုပ်များအပြင်မဂ္ဂဇင်း၊ ရုပ်ပြများကို ငှားရမ်းပေးခဲ့သည်။ ထိုသို့ ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း၊ ကလေးများစာဖတ်မှုကိုစိတ်ဝင်စားလာစေရန်ရည်ရွယ်၍ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ ရပ်ကွက်အတွင်းရှိကလေးလူငယ်လူကြီးမရွေးစာပေဖတ်ရှုနိုင်ရန်အတွက် သွားရောက်သောအခါ ရပ်ကွက်သူရပ်ကွက်သားများကဝမ်းမြောက်စွာလက်ခံပြီး နောက်လများတွင်လည်း လာရောက်နိုင်ရန်ဖိတ်ခေါ်ကြောင်းကိုပါသိရှိခဲ့ရပါသည်။ ထို့နောက် ယခုလကရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို နောက်လတွင်ပြန်လည်သိမ်းဆည်းမည်ဖြစ်သည်။ မုံးကိုးမြို့ပြန်/ဆက်ဝန်ထမ်းများက လစဉ်စျေးနှင့်ရပ်ကွက်များသို့ အလှည့်ကျသွားရောက် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မေစံပယ်ဖူး(မုံးကိုး)