တုံတာ ဇူလိုင် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ပန်းချီပြိုင်ပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မွန်က ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲများကို ကျင်းပရာ အလယ်တန်းအဆင့် ကျောင်းသား (၉)ဦး၊ ကျောင်းသူ (၁၈)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးခြင်း၊ နံရံကပ်စာစောင်များ ပြသပေးခြင်း၊ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းနှင့် Community center ခန်းမတို့တွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဥာဏ်ရည်ဥာဏ်သွေးမြင့်မားလာစေရန်၊ အသိပညာဗဟုသုတများရရှိ စေရန်နှင့် စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးလာစေရန် ရည်ရွယ်၍ ပြပွဲ၊ ပြိုင်ပွဲများအား လစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြတ်မွန်(ပြန်/ဆက်)