လောက်ကိုင် ဇူလိုင် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ဇူလိုင်လ( ၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန့်နေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ညိုညိုဝင်းမှ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်ပွဲများ ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များအား ပြောကြားခဲ့သည်။
ဆက်လက်ပြီး (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပရာ “မမေ့စဥ်လာ အာဇာနည်နေ့အချိန်အခါ” ခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၆၀)ဦးတို့မှဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
ချန်ထွန်းအောင်(လောက်ကိုင်)