စဉ့်ကူးမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ ပြသ

စဉ့်ကူး   ဇူလိုင် ၁၄

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်းမှစ၍ ခင်းကျင်းပြသလျက်ရှိသည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများ၊ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘဝဖြစ်စဉ်များနှင့် လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင် ရှားပါးမှတ်တမ်းဓာတ်ပုံများ၊ အာဇာနည်နေ့နှင့် ပတ်သက်သည့် ကဗျာ၊ ဆောင်းပါးများအား စိတ်ဝင်စားဖွယ်ပြသထားရာ ဒေသခံပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ စိတ်ပါဝင်စားစွာ လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)