ပင်လုံ ဇူလိုင် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကို ယနေ့ နံနက် (၁၀) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူမှ အဖွင့်အမှာစကားနှင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားအားကျင်းပရာ ပထမဆုရရှိသော ပင်လုံမြို့ အ.ထ.က(၃)မှ နန်းကြည်ဖြူအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်အိမြတ်နိုးသူမှ လည်းကောင်း၊ ဒုတိယဆုရရှိသော ပင်လုံမြို့ အ.ထ.က(၂)ကျောင်းမှ မဉာဏ်ဇင်လင်းမာန် အား အ.ထ.က(၁)ကျောင်းအုပ်ဆရာမကြီးဒေါ်ရွှေစင်ဝင်းမှ လည်းကောင်း၊ တတိယဆုရရှိသော အ.ထ.က(၁) ကျောင်းမှ မအေးသီရိဇော်အား စည်ပင်သာယာရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်သန်းဦးတို့မှ ဆုချီးမြှင့်ပေးခဲ့ပါသည်။
ထို့နောက် အထူးဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ အကြီးအကဲများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ကာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရပါသည်။
မြို့နယ်(ပြန်/ဆက်)