မိုင်းပျဉ်း ဇူလိုင် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲ လှုပ်ရှား ဆောင်ရွက်မှုကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်းနှင့် အာဇာနည်ပုဂ္ဂိုလ်ကြီး ၉ ဦးတို့၏ အထ္ထုပ္ပတ္တိအကျဥ်းတို့ကို ဆွေးနွေပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား အာဇာနည်နေ့နှင့်ပတ်သက်သော ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ကျင်းပပေးပြီ ဆုရရှိသူ ကျောင်းသား၊ကျောင်းသူများအား ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသား/ကျောင်းသူ အင်အား(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရသည်။
ရန်နောင်ထွန်း(ပြန်/ဆက်)