နမ္မတူ ဇူလိုင် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို လယ်/မူအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးသန်းလွင်က (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို လယ်/မူ အဆင့်စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲအား “မမေ့စဉ်လာ အာဇာနည်နေ့ အချိန်ခါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲအား “တို့များမမေ့နိုင် ၁၉ ဇူလိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်းကျင်းပခဲ့ရာ ကျောင်းသားကျောင်းသူ အလယ်တန်းအဆင့်တွင် ၁၈ ဦး၊ မူလတန်းအဆင့်တွင် ၆ ဦး၊ စုစုပေါင်း ၂၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲအား “အာဇာနည်မြတ် မမေ့အပ်” ခေါင်းစဉ်ဖြင့်ကျင်းပခဲ့ရာ ကျောင်းသူ ၁ ဦး ဝင်ရောက်ဖြေဆို ခဲ့သည်။
အဆိုပါ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ကျောင်းတွင်း လယ်/မူ အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသားကျောင်းသူများအား ထူးချွန်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန်းလွင်ထံက သိရသည်။
လူမော် (ပြန်/ဆက်)