ရွှေပြည်သာ ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေမျာကို လက်ဝယ်အရောက် ပေးအပ်လျက်ရှိရာ ယနေ့မွန်းလွဲ(၃)နာရီအချိန်တွင် အမှတ်(၂၇)ရပ်ကွက်ရှိ အသက်(၈၅)အထက် သက်ကြီးဘိုးဘွားများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်၌ ထောက်ပံ့ငွေများပေးအပ်ရာတွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားတစ်ဦးလျှင်၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွက် (၃၀၀၀၀)နှုန်းဖြင့် ရပ်ကွက်(၂၃)ရပ်ကွက် ကျေးရွာအုပ်စု(၄)စု၊ စုစုပေါင်း ရပ်ကွက်/ကျေးရွာ(၂၇)ခုရှိ သက်ကြီးဘိုးဘွား(၈၈၀)ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်း(၂၆၄)သိန်းအား လက်ဝယ် အရောက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)