ရမည်းသင်းမြို့၊ အလယ်ကုန်းအခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ရမည်းသင်း ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇူလိုင် ၁၃ ရက် နံနက် ၁၀ နာရီက ရမည်းသင်းမြို့၊ အလယ်ကုန်းအခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်တင်သီတာကျော်က ကျောင်းသားလူငယ်များအသိပညာဗဟုသုတတိုးပွားစေရန် လူငယ်စကားဝိုင်းကျင်းပရခြင်းကို ရှင်းလင်းပြောကြားပြီး ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်သိမ့်သိမ့်မျိုးက လူငယ်စကားဝိုင်းကျင်းပရခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ လူငယ်စကားဝိုင်းမှ အသိပညာ၊ ဗဟုသုတများပိုမိုရရှိစေပြီးတစ်ဦးနှင့် တစ်ဦးအသိပညာအတွေ့အကြုံ ဖလှယ်ဆွေးနွေးခြင်းဖြင့် လူငယ်အချင်းချင်းရင်းနှီးမှုများရရှိကာ နှုတ်မှုစွမ်းရည်ပြည့်ဝလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အလယ်ကုန်းအထက်တန်းကျောင်းခွဲ၊ Grade-10 ကျောင်းသူ မမေသူစိုးမှလူငယ်နှင့် နည်းပညာခေါင်းစဉ်ကိုလည်းကောင်း၊ Grade-10 ကျောင်းသားမောင်မျိုးမင်းကျော်မှ လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ကိုလည်းကောင်း၊ Grade-10 ကျောင်းသူမမေမြတ်နိုးဝေမှ လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ကိုလည်းကောင်း၊ Grade-10 ကျောင်းသားမောင်ထွန်းသူအောင်မှ လူငယ်နှင့်ဘဝတန်းဖိုးခေါင်းစဥ်များဖြင့် အသီးသီးဦးဆောင်ဆွေးနွေးကြရာ တက်ရောက်လာသည့် အထက်တန်း၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများမှခေါင်းစဉ်အလိုက်သိရှိလိုသည်များကိုမေးမြန်းရာ ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူတို့က ပြန်လည်ဆွေးနွေးခဲ့ကြပြီး ခရိုင်ဦးစီးမှူးဒေါ်သိမ့်သိမ့်မျိုးက ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲကို အလယ်ကုန်းအထက်တန်းကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၁၅၀)ဦးတက်ရောက်ခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲတွင် ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

ဇော်ဝင်းအောင် (ခရိုင်ပြန်/ဆက်၊ ရမည်းသင်း)