ဘီးလင်း အောက်တိုဘာ ၁၂
ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက် နံရံကပ် ဘုတ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားစီးနိုင်ရေးအတွက် ရောဂါဖြစ်ပွားမှုနှင့် ပက်သက်သည့် အသိပညာပေးလုပ်ငန်းများကို မိဘပြည်သူများ သိရှိနိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက ရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်၌ ပြသထားလျက်ရှိသည်။
အဆိုပါ မြေစိုက်နံရံကပ်စာစောင်တွင် မီဒီယာနှင့် သတင်းအချက်အလက်များ သိရှိနား လည်မှု ရှိသော မိဘအုပ်ထိန်းမှု အတက်ပညာနှင့်ကျန်းအာရေးဆိုင်ရာ နည်းလမ်းများ၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အချက်အလက်နှင့် ထင်မြင်ယူဆချက်များ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှု အကြောင်းဆွေးနွေးရာတွင် ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့်ထင် မြင်ယူဆချက်များ စသည့်အကြောင်းအရာများ ပါဝင်သော UNESCO မှပေးပို့လာသော ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုနှင့် ပတ်သက်သည့်အသိပညာပေး ရုပ်ပု( ၁၈)ပုံကို ပြည်သူများ သိရှိလေ့လာနိုင်ပြီး လိုက်နာ ဆောင်ရွက်စေရန် ပြသထားကြောင်းသိရသည်။
ထူးနောင် (ပြန်ဆက်)