ထန်းတပင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ကြမည့် ရပ်ကွက်/ ကျေးရွာနေပြည်သူ(၅၃)ဦးတို့အား ငွေကျပ်(၁၀၉.၈၃)သန်း ထုတ်ချေးပေး

ထန်းတပင်(ရန်ကုန်) ဇူလိုင် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများ စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်သွားနိုင်ရေးအတွက် ယနေ့၊ နံနက်ပိုင်းက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ငွေကျပ်(၁၀၉.၈၃)သန်းကိုရပ်ကွက်၊ ကျေးရွာအုပ်စု(၁၈)အုပ်စုတို့မှ ရပ်ကွက်ကျေးရွာနေ ပြည်သူ(၅၃)ဦးတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထုတ်ချေးပေးလျက်ရှိသည်။

ထုတ်ချေးပေးရာတွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲလင်းနိုင်တို့က နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်သွားကြမည့် ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား ချေးငွေထုတ်ချေးပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သွားကြမည့် ရပ်ကွက်၊ ကျေးရွာနေ ပြည်သူ(၅၃)ဦးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကငွေကျပ်(၁၀၉.၈၃)သန်းကိုထုတ်ချေးပေးသည်။

ထန်းတပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း၊ ဌင်းလုပ်ငန်းများနှင့်ဆက်စပ်သည့် ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး ဒေသတွင်းစာရေးရိက္ခာဖူလုံလာစေရန်၊ သွင်းကုန်အစားထိုးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်နှင့်ပို့ကုန်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လာနိုင်စေရန်၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးနှင့် ဝင်ငွေတိုးပွားစေရန်၊ တိုးပွားလာသောရန်ပုံငွေများဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများကိုထပ်မံ၍ ဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ပြန်/ ဆက်)