ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အတွင်း‌ဈေးများတွင် နှာခေါင်းစည်း (Mask)များ တပ်ဆင်ရေးစစ်ဆေး မှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဒဂုံမြောက် အောက်တိုဘာ ၁၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉‌ ရောဂါ ကူးစက်မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ်သူများအား စစ်ဆေးအရေးယူခြင်းကို  မြို့နယ်အတွင်းရှိ အမှတ်(၄)ဈေးနှင့် လမုပျံကျစျေးတို့၌ ယနေ့ နံနက် ၈  နာရီက အရှိန်အဟုန်မြှင့်‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပါးစပ်၊ နှာခေါင်းစည်း (Mask)မတပ်သူများအား စစ်ဆေးကြပ်မတ် အရေးယူခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ အဖွဲ့နှစ်ဖွဲ့ခွဲကာ ပါးစပ်နှာခေါင်းစည်း(Mask)တပ်ဆင်ထားခြင်း မရှိသော စျေးရောင်းချသူများနှင့် စျေးဝယ်လာသူများ အား ပါးစပ်၊ နှာခေါင်းစည်း(Mask)တစ်ခုလျှင် နှစ်ရာကျပ်ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးအရေးယူရာတွင် ပါးစပ်၊ နှာခေါင်းစည်း(mask) တပ်ဆင်မလာသူများအား အပြင်ထွက် တိုင်း  Mask တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်ရန် ပညာပေးပြောကြားခဲ့ပြီး Mask မတပ်သူ(၂၂)ဦးအား စစ်ဆေးအရေးယူခဲ့ကြောင်း သိရ သည်။ 

မြင့်မြင့်ရီ(ပြန်/ဆက်)