တာမိုးညဲ အောက်တိုဘာ ၁၂
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ မြို့တွင်းရှိ စာသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ် (Take away) ဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့် က တာဝန်ရှိသူများက လိုက်လံစစ်ဆေးသည်။
အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို (၂)ရက်တစ်ကြိမ် လိုက်လံစစ်ဆေးပြီး ပါဆယ်စနစ်ဖြင့် ရောင်းချရာ၌ ကျန်းမာရေးလမ်းညွှန်ချက်နှင့်ညီညွှတ်မှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးခြင်းနှင့် အခြားလိုအပ်ချက်များကို မှာကြားသည်။ တာမိုးညဲမြို့၊ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စည်ပင်တာဝန်ခံ ဦးဝင်းလွင်ဦး၊ တိုက်နယ်ဆရာဝန်ကြီး ဒေါက်တာရှိန်ဌေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းစစ်ဆေးခဲ့ပြီး တာမိုးညဲမြို့၌ စားသောက်ဆိုင် (၆)ဆိုင်နှင့် လက်ဖက်ရည်ဆိုင် (၃)ဆိုင်ရှိကြောင်း သိရသည်။
ဌေးဌေးကြည်(ပြန်/ဆက်)