မြစ်သားမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့်ဓာတ်ပုံပြပွဲကျင်းပ

မြစ်သား ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက် နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို  ယနေ့နံနက်( ၁၀) နာရီ အချိန်က မင်းကုန်း(မူလွန်)ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြစ်သားမြို့နယ် မင်းကုန်း(မူလွန်)ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သက်တင်က ကျောင်းသား၊  ကျောင်းသူများအား ကျောင်းစည်းကမ်းများ လိုက်နာရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် အာဇာနည်နေ့ စာစီစာကုံးပြိုင်ပွဲနှင့်အခြားပြိုင်ပွဲများ ယှဥ်ပြိုင်နိုင်စေရန် ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာ‌အောင်က အာဇာနည်စိတ်ဓာတ်၊ အာဇာနည်နေ့ သမိုင်းအကျဥ်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိတို့ကို အသိပညာပေးဟောပြောသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ် စာစောင်ပြပွဲများပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှု လေ့လာမှတ်သားခဲ့ကြောင်း သိရသည်။

သီတာအောင်(မြစ်သား)