ကျိုက်မရော ဇူလိုင် ၁၃
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပညာပေးဟောပြောပွဲနှင့် စားသုံးရန် မသင့်သော အစားအစာများအား အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက မူလွန် (၁)ကျိုက်မရော ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် မူလွန်(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုလွင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အာဇာနည်နေ့ကို မမေ့လျော့စေရန်အတွက် ယခုလို ဟောပြောပွဲ ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒေါ်ချိုမြတ်မြတ်ထွေးက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် အာဇာနည်ကိုးဦးအကြောင်း ပညာပေးဟောပြောခဲ့သည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တိုးတိုးယဥ်က ကျောင်းသား၊ ကျောင်းသူများအား စားသုံးရန် မသင့်သော အစားအသောက်များအကြောင်းကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြသပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသော မေးခွန်းများကို မေးမြန်းရာ တာဝန်ခံ ဦးအောင်ညီညီခန့်က ပြန်လည်ဖြေကြား ပေးခဲ့သည်။ ဆက်လက်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသပေးခဲ့သည်။
မြို့နယ်(ပြန်/ဆက်)