မိုင်းရယ် ဇူလိုင် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်း သား/သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ကျောင်း၌ ပြုလုပ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အခြေခံပညာမူလတန်းအဆင့် ကျောင်းသား/သူများကို သွားကျန်းမာရေး စစ်ဆေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု ရှိ/မရှိ စစ်ဆေးခြင်း၊ လည်ပင်းကြီးရောဂါစစ်ဆေးခြင်း၊ အရေပြား ရောဂါဆိုင်ရာ ရှာဖွေစစ်ဆေးခြင်းနှင့် မိုးရာသီတွင်ဖြစ်ပွားတတ်သည့် ရာသီတုပ်ကွေးများ စစ်ဆေးပေးခြင်းများကို တစ်ဦးချင်းအလိုက် စစ်ဆေးပေးခဲ့သည်။
အဆိုပါ ကျောင်းသား/သူများအား ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အားပေးကြည့်ရှုခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)