မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဇီဝဆိုင်ရာအချက်အလက်စာရင်းများ ကောက်ယူ

မိုင်းရယ် ဇူလိုင် ၁၃

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်နေသည့် e-ID စနစ် လုပ်ငန်း၏ ဒုတိယအဆင့်ဖြစ်သည့် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းကို ယနေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့၊ အခြေခံ ပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

မြို့နယ် လဝက ရုံးမှဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်းတွင် ဦးတည် အုပ်စုများဖြစ်သည့် ကျောင်း သား/သူများ၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာ အချက်များကို ကောက်ယူခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များ စတင်ကောက် ယူနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အားပေး ကြည့်ရှုခဲ့ကြသည်။

မိုင်းရယ်မြို့နယ်တွင် ဇီဝဆိုင်ရာအချက်အလက်များကို ဦးတည်အုပ်စုများအလိုက် သတ်မှတ် အစီအစဉ်များအတိုင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)