ကျောက်ဆည်မြို့နယ်၊ ဟန်မြင့်မိုရ်ကျေးရွာတွင် ဘူးစိုက်ပျိုးရောင်းချသူများ အဆင်ပြေ

ကျောက်ဆည် ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တောင်သူများအနေဖြင့် ဆန်းစပါးအပြင် နေ့စဉ်ဝင်ငွေရရှိရေး တစ်နိုင်တစ်ပိုင် ကာလတို၊ ကာလရှည်မီးဖိုချောင်သုံး သီးပင်စားပင်များ စိုက်ပျိုးလျက်ရှိရာ ဟန်မြင့်မိုရ်ကျေးရွာတွင် ဘူးစိုက်ပျိုးရောင်ချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဘူးပင်များ စိုက်ပျိုးမည်ဆိုပါက ဦးစွာထယ်ရေးညက်ညက်တွင် သဘာဝမြေဩဇာဖြစ်သည့် နွားချေးနှင့် မြေပြင်ထားပြီး တစ်ပင်နှင့်တစ်ပင်(၆)ပေ၊ တစ်တန်းနှင့် တစ်တန်း(၁၈)ပေ စိုက်ပျိုးမှသာ လေဝင်လေထွက်နှင့် နေရောင်ခြည်ကောင်းစွာရရှိပြီး အပင်သန်မာ၍ အသီးအထွက်နှုန်း ကောင်းမွန်ကြောင်းနှင့် အပင် အသေအပျောက် မရှိစေရန်အတွက် ဘူးမျိုးစေ့များအား မြေဆွေးများနှင့် ပြုပြင်ထားသည့် ပလတ်စတစ်အထုပ်များနှင့် ပျိုးထောင်ပြီး သန်မာသည့် မျိုးပင်များကို ရွေးချယ်စိုက်ပျိုးရကြောင်း ဘူးတစ်ဧကစိုက်ပျိုးမည်ဆိုပါက အပင်အရေအတွက် (၆၀၀) ခန့်ဝင်ဆန့်ကြောင်း၊ စိုက်ပျိုးပြီး (၄၅)ရက်တွင် ဘူးသီးများ စတင် ခူးဆွတ်ရောင်းချရကြောင်း၊ ရောင်းဈေးအနေဖြင့် ဘူးသီးတစ်လုံးလျင် ငွေကျပ်(၅၀၀)ရာမှ (၈၀၀)ကျပ်အထိ အမျိုးမျိုးရောင်းချရပြီး ရောင်းချရာ တွင်(၂)လခန့်အထိ တစ်ရက်ခြား ခူးဆွတ်ရောင်းချရကြောင်း သိရသည်။

ဘူးပင်သည့် ရေကြိုက်နှစ်သည့် အပင်တစ်မျိုးဖြစ်သောကြောင့် မြေအစိုဓာတ်ရှိစေရေး ရေတင်ပေးခြင်း၊ လိုအပ်ပါက သဘာဝအပင်အားဆေး၊ ပိုနှင်ဆေးများဖျန်းပေးရကြောင်း ဘူးသီးနှံသည် မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ပြီး တစ်ရက်ခြားခူးဆွတ်ရောင်းချရဖြင့် စိုက်သင့်သည့် သီးနှံတစ်မျိုး ဖြစ်ကြောင်း ဘူးစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။

သက်မောင်၊ ကျောက်ဆည်