ကျိုက်ထိုမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲပြုလုပ်

ကျိုက်ထို ဇူလိုင် ၁၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နေ့လယ် ၁ နာရီက  (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်၊ စာစောင်ပြပွဲကို မူလွန်(၁) ကံ့ကော်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အာဇာနည်နေ့အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမွန်က  လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများ အကြောင်းတို့ကို‌ ဆွေးနွေးပြောကြားပြီး အာဇာနည်နေ့အထိမ်းအမှတ် စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ကာလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်ထို ပြန်/ဆက်