တောင်သာမြို့နယ်တွင် ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး  

တောင်သာ ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ တောင်သူများ အဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့်  မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဒေသခံတောင်သူများအား ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။              

ထိုသို့စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးရာတွင် စပါး၊ စိုက်ပျိုးဧက လယ်တစ်ဧကကို ငွေကျပ် ( ၁၅၀၀၀၀/- )နှုန်း၊ ယာတစ်ဧကကို ငွေကျပ်(၁၀၀၀၀၀/-) နှုန်းဖြင့် တောင်လုလင် ကျေးရွာရှိ တောင်သူ(၅၄)ဦး၊ ဧကပေါင်း (၁၁၄) ဧကအတွက် စုစုပေါင်း ငွေကျပ်(၄၄၁၀၀၀၀၀)သိန်းကို ကျေးရွာများရှိ တောင်သူ(၅၄)ဦးအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးလျက် ရှိကြောင်း သိရသည်။

ကျန်ရှိသည့် တောင်သူများအားလည်း စိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တောင်သာမြို့နယ် မန်နေဂျာ ဦးသက်ခိုင်ဇော်ထံမှ သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)