မိုင်းယောင်း ဇူလိုင် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ပုံစံ(၇) ထုတ်ပေးပြီးစီးမှု၊ လ/ယ(၃၀) ခွင့်ပြုထားရှိမှု၊ လယ်ယာမြေ ဒေသစျေးနှုန်း သတ်မှတ်ထားရှိမှု၊ စိုက်ပျိုးမြေများ မြေလပ်မရှိဘဲ အပြည့်စိုက်ပျိုးစေရေး စသည့် လယ်ယာသဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နံနက် ၁၁ နာရီ ၄၅ မိနစ်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဝီလျံ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးတို့နှင့် စည်ပင်သာယာရေးဌာနပိုင်သုဿာန်၌ သဂြိုလ်ရာတွင် စျေးနှုန်း သတ်မှတ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း