စဉ့်ကိုင် ဇူလိုင် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်၂၀၂၃ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲကို ယနေ့မွန်းလွဲ(၁)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက မမေ့သင့်မမေ့အပ်သော လွတ်လပ်ရေးကိုရယူခဲ့သော ခေါင်းဆောင်ကြီးများကို မမေ့စေရန်၊ နေ့ထူးနေ့မြတ်အကြောင်း သိရှိစေရန်နှင့် ကျောင်းသား/ကျောင်းသူလူငယ်လူရွယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများကို ပြုလုပ်ရပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး ဦးဝင်းဦး၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့ဝင်က ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများကို ပြောကြားခဲ့သည်။
ဆက်လက်၍ ဗိုလ်ချုပ်မိန့်ခွန်းပြော ပြိုင်ပွဲကိုကျင်းပရာပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ(၁၁)ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက် လာသော ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ကလေး အလုပ်သမားပပျောက်ရေး အသိပညာပေးများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာများ၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော့မူယာမောင်