ရမည်းသင်း ဇူလိုင် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ကျောင်းသားလူငယ်များကို ကလေးအလုပ်သမားပပျောက် ရေး အသိပညာပေးဟောပြောပွဲ၊ နံရံစာစောင်၊ ဓါတ်ပုံပြပွဲတို့ကို ဇူလိုင် ၁၂ ရက် နံနက် ၁၀ နာရီခွဲ အချိန်တွင် သိမ်ကုန်းအုပ်စု နတ်စင်ကျေးရွာ မူလတန်း ကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက ကျောင်းသား၊ ကျောင်းသူ လူငယ် များကို ကလေးအလုပ်သမားဆိုင်ရာ အသိပညာဗဟုသုတများ သိရှိစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အားလုံးအတွက် လူမှုတရားမျှတမှု ဖော်ဆောင်ပေး ခေါင်စဉ်ဖြင့် ပညာပေးရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူလူငယ်များအား မေးခွန်းများမေးမြန်း၍ အပြန်အလှန် ပါဝင်ဆွေးနွေး ဆောင်ရွက်စေခဲ့ပြီး အမှတ်တရဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ ဓါတ်ပုံတို့ကို ပြသခဲ့ကြပြီး ကျောင်းသား/ကျောင်းသူ လူငယ်များက စိတ်ဝင်စားစွာ လေ့လာကြည့်ရှု့ မှတ်သားခဲ့ကြကြောင်း သိရသည်။
ဇော်ဝင်းအောင်