လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်( Biometric) ကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်

လှိုင်သာယာ(အရှေ့ပိုင်း)  ဇူလိုင်  ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇီဝဆိုင်ရာအချက်အလက်(Biometric Data)ကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၁၀)နာရီ၌ မြို့နယ်ပညာရေးဌာနမှ ၀န်ထမ်းနှင့် မှီခိုသူများအား နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်ပညာရေးဌာနမှန်ထမ်းများနှင့်  ဆရာ/ဆရာမများ ၄င်းတို့၏မိသားစုဝင်များ၊ ကျောင်းသား/ ကျောင်းသူများအား နိုင်(၄)အချက်အလက်များပေါ် အခြေခံ၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ နှင့်တိုက်ဆိုင်စစ်ဆေးခြင်း၊ အချက်အလက်များမှန်ကန်မှုရှိ/မရှိစစ်ဆေးခြင်း၊ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်း၊ လက်ဗွေရာများရယူခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံသားတစ်ဦးချင်း၏ အချက်အလက်များကောက်ယူရာ၌ ဇီဝဆိုင်ရာ(Biometric) အချက်အလက်များကောက်ယူခြင်းလုပ်ငန်းကို ဦးတည်အုပ်စုများအလိုက်ကောက်ယူလျက်ရှိပြီး  ပညာရေးဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကောက်ယူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်မင်းကိုနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုအားပေးလျက်ရှိပြီး လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ကဦးဆောင်၍  ၀န်ထမ်းများက နိုင်ငံသား တစ်ဦးချင်း၏  ကိုယ်ရေးအချက်အလက်များနှင့်ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)