ချမ်းမြသာစည် ဇူလိုင် ၁၂
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community center)ခန်းမနှင့် ပြည်သူ့စာကြည့်တိုက်တို့၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက အာဇာနည်နေ့ အကြောင်း သိကောင်းစရာများကို ဟောပြောခဲ့သည်။ ထို့နောက် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာတွင် အထက(၃၁)မှ ကျောင်းသား/သူလေးများက “မမေ့စဉ်လာ အာဇာနည်နေ့ အချိန်အခါ” ခေါင်းစဉ်ဖြင့်စုစုပေါင်း (၂၀)ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်ပြီး ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရေးနှင့် အသိပညာဗဟုသုတတိုးတက်စေရေးတို့အတွက် ပြည်သူ့စာကြည့်တိုက်အတွင်း ကဗျာရွတ်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ကျင်းပဆောင်ရွက်ခဲ့ပြီး ဆုရရှိသော ကျောင်းသား/သူများအား မြို့နယ်ဦးစီးအရာရှိနှင့် တာ၀န်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် တက်ရောက်လာကြသော ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက အသိပညာပေးနံရံကပ်စာစောင်များနှင့် အသိပညာပေးစာအုပ်/စာစောင်များ ပြသထားရှိမှုတို့ကို စိတ်ပါ၀င်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ကျော်စွာ