ပုသိမ်ကြီး ဇူလိုင် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်မီးကျေးရွာရှိ အ.ထ.က ကျောက်မီးကျောင်းတွင် ယနေ့ နံနက် ၁၀နာရီက မြို့နယ်မီးသတ်ဦးစီးဌာနသည် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောသရုပ်ပြပွဲဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့မှု စသည့်အကြောင်းများကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်မှပေးအပ်ထားသည့် ရှာဖွေကယ်ဆယ်ရေးသုံး Hydraulic Rescue Tools ပစ္စည်းများ အသုံးပြုပုံ၊ လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ စသည်တို့အား ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာဖြင့် လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးမင်းသန့်နှင့် တပ်ဖွဲ့ဝင်များ၊ ကျောက်မီး အ.ထ.ကမှ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်