သိန္နီ ဇူလိုင် ၁၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ယာဉ်အန္တရာယ်လမ်းအန္တရာယ်နှင့် လူကုန်ကူးမှု ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက အဖွင့်အမှာစကား ပြောကြားခဲ့ သည်။ ထို့နောက် လူကုန်ကူးမှု ကာကွယ်တားဆီးရေး ရဲတပ်ဖွဲ့မှ ရဲအုပ် ဇာနည်မျိုးက လူကုန်ကူးမှု ဉပဒေဆိုင်ရာ ဖွင့်ဆိုချက်၊ လူကုန်ကူးမှု ဖြစ်ပွားစေသော အဓိကကြောင်းအရင်းများ၊ လူကုန်ကူးရာ တွင် အသုံးပြု လေ့ရှိသော နည်းလမ်းများ၊ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အမျိုးအစားများ၊ လူကုန်ကူးမှုအဆင့်များ၊ ပြစ်ဒဏ်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ် ဇော်မျိုးအောင်က ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဉပဒေများ၊ မော်တော်ဆိုင်ကယ် စီးနင်းသူများ လိုက်နာရန်စည်းကမ်းများ၊ လမ်းဖြတ်ကူးပါက လိုက်နာရန် အချက်များ၊ ယာဉ်တိုက်မှုဖြစ်ပွားပါက ဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။
ဟောပြောပွဲအပြီးတွင် တက်ရောက်လာသော ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအား ယာဉ်အန္တရာယ် ကင်းရှင်း ရေးနှင့် မော်တော်ယဉ်စီမံခန့်ခွဲမှုဉပဒေ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်နှင့် လူကုန်ကူးမှု ကာကွယ်တားဆီးရေး အသိ ပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)