မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာပေး လုပ်ငန်းများဆောင်ရွက်

မိုင်းရယ်  ဇူလိုင် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်ရှိ အခြေခံပညာကျောင်းသား/သူများနေဖြင့် မိုးရာသီ ကာလအတွင်း ဖြစ်ပေါ်တတ်သော သွေးလွန်တုတ်ကွေးရောဂါကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိုင်းရယ်မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် သက်ဆိုင်ရာဌာနတာ ဝန်ရှိသူများ ပူးပေါင်း၍ ဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်တင်ထွေးရီဦးဆောင်သောအဖွဲ့သည် မိုးရာသီကာလ အတွင်းဖြစ်ပေါ်တတ်သည့် သွေးလွန်တုတ်ကွေးနှင့် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးဆိုင်ရာများကို စာသင်ခန်းများသို့ လိုက်လံဆွေးနွေးပြော ကြားခဲ့သည်။ ထို့နောက် ကျောင်းဝင်းအတွင်း အသုံးပြုလျက်ရှိသည့် သုံးရေကန် များတွင် အဘိတ်ဆေးများခတ်ခြင်း၊ သောက်သုံးရေ သန့်ရှင်းမှု ရှိ/မရှိ စစ်ဆေးခြင်း၊ စာသင်ခန်းများရှိ ဘုရားပန်းအိုးများ ရေလဲလှယ်ခြင်း စသည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ကျောင်းသား/သူများက လက်တွေ့ပါဝင်လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)