မုဒုံ ဇူလိုင် ၁၂
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဒုံကနီ စာသင်ကျောင်း၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် ကျောင်းတာဝန်ခံဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီး မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက အနာဂတ် မျိုးဆက်သစ် ကျောင်းသား/သူများအနေဖြင့် နေ့ထူးနေ့မြတ်များနှင့် သမိုင်းအကြောင်းကို သိရှိစေပြီး အလေးအမြတ် ထားတတ်စေရန် ရည်ရွယ်၍ အခမ်းအနားကို ပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အထ္တုပတ္တိ အကြောင်းအရာများ၊ ဗိုလ်ချုပ်အောင်ဆန်း တပ်မတော်တွင် ပါဝင်ဆောင်ရွက်ခဲ့မှု အကြောင်းအရာများ၊ အာဇာနည်နေ့ဖြစ်စဥ် သမိုင်းအကြောင်း၊ အာဇာနည်နေ့နှင့် ပတ်သက်သည့် ကဗျာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အာဇာနည်နေ့ အကြောင်းအရာများ ပါဝင်သည့် နံရံကပ်ပိုစတာများနှင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသပေးခဲ့ရာ ကျောင်းသား/သူများက စိတ်ဝင် စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)