လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန ( Community Centre  Lashio ) တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့(အကြို) ပုံတူပန်းချီဆွဲပြိုင်ပွဲကျင်းပ   

လားရှိုး  ဇူလိုင် ၁၂

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၇၆ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်(အကြို) မူလတန်းအဆင့် ပုံတူပန်းချီဆွဲပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre  Lashio) ကလေးစာဖတ်ခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲအား ကလေးငယ်များ ငယ်စဉ်ကတည်းက စာပေလေ့လာဖတ်ရှုခြင်းနှင့် ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး၊ လားရှိုးမြို့၊ အမှတ်(၃)၊ အခြေခံပညာမူလတန်းကျောင်းမှ  မူလတန်းကျောင်းသား/ကျောင်းသူ ၂၀ ဦးမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ကလေးများစိတ်ဝင်စားစရာ ရုပ်ပြပုံပြင်များ၊ ကဗျာများကို ဖတ်ပြပေးခဲ့ပြီး၊ ကလေးများအား ပုံပြင်ဖတ်ပြခြင်း၊ ကဗျာရွတ်ဆိုခြင်းစသည့် အလေ့အကျင့်များ ရရှိစေရန်အတွက်ပုံပြင်နှင့် ကဗျာကိုတစ်လှည့်စီဖတ်ပြသည့်စနစ်ဖြင့် ကလေးများအား ပုံပြင်ဖတ်ပြစေခဲ့ပါသည်။ ဆက်လက်၍ အာဇာနည်နေ့ (အကြို)အဖြစ် မူလတန်းအဆင့် ပုံတူပန်းချီဆွဲပြိုင်ပွဲကို ကျင်းပခဲ့သည်။ ပြိုင်ပွဲအပြီးတွင် ကလေးငယ်များအား ရုပ်မြင်သံကြားအစီအစဉ်ဖြင့် ပြသပေးခဲ့ပြီး ပြိုင်ပွဲဝင်ကလေး အားလုံးအား လက်ဆောင်များပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်