မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံ

မိုင်းနောင်  ဇူလိုင် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinoparm) ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသော ကျောင်းသား၊ကျောင်းသူများအား (ပထမအကြိမ်)ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ် ဆေးမထိုးနှံမီ စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ ကာကွယ်ဆေး ထိုးနှံပြီးပါက နာရီဝက် စောင့်ဆိုင်းစေခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံသည့် နေရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ပညာရေးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူ(၂၅၀)ဦးအား ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။

မနန်း(မိုင်းနောင်)