လှိုင်သာယာ(အနောက်ပိုင်း) အောက်တိုဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင် ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုလျော့ကျစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ အမှတ်(၁၄) ရပ်ကွက် ကန့်သတ်စောင့်ကြည့်စခန်းနှင့် အ.ထ.က(၁၈)ကျောင်း ကန့်သတ်စောင့်ကြည့် စခန်းများရှိ စောင့်ကြည့်လူနာများအတွက် အစားအသောက်နှင့် အထောက်အကူပြုပစ္စည်းများကို ယမန်နေ့ ညနေ(၄) နာရီခန့်က လာရောက် လှူဒါန်းခဲ့သည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် အမှတ်(၁၄)ရပ်ကွက် အစိုးရနည်းပညာ အထက်တန်းကျောင်း ကန့်သတ်စောင့်ကြည့်စခန်းရှိ စောင့်ကြည့်လူနာများအတွက် ရွက်လှလမ်းနေထိုင်သူ ကိုထက်နိုင်ဦး +မယွန်းမီမီအောင်မိသားစုမှ ညစာထမင်းဘူး(၆၅)ဘူး၊ အ.ထ.က(၁၈)ကျောင်း ကန့်သတ် စောင့်ကြည့်စခန်း စောင့်ကြည့် လူနာများအတွက် နံနက်စာကို ဗိုလ်အောင်ကျော်လမ်းမိသားစု၊ နေ့လည်စာထမင်း၊ကော်ဖီ၊ ရေသန့်နှင့် နှာခေါင်းစည်း Mask များကို ဦးကျော်မင်းနိုင် +ဒေါ်အေးအေးမော်မိသားစု မလိခလမ်း၊ ညနေစာကို ရွက်လှလမ်းနေထိုင်သူ ကိုထက်နိုင်ဦး +မယွန်းမီမီအောင်မိသားစု ၊ရေသန့်ကတ်(၅၀)ကို ပပဝင်းလမ်းမှ ဦးသန်းဇော်+ ဒေါ်အေးသူ မိသားစု ၊ ရေသန့်ကတ်(၃၀)ကို ဦးကျော်ဌေး+ဒေါ်သီတာအေး မိသားစု ချောင်းသာလမ်း၊ တစ်ခါသုံးကော်ဖီခွက်၊ ခေါင်းစွပ်၊ Face Shield များကို ကိုဝေယံဖြိုး မိသားစု မေခလမ်း၊ Myanmar Myo သောက်ရေသန့် လုပ်ငန်းမှ ရေသန့်ကတ်(၅၀)၊ Sum@ Moeဆန်ဆိုင် ဗိုလ်အောင်ကျော်လမ်းမှ သောက်ရေသန့် ကတ်(၂၀)တို့ကို့ အသီးသီး လာရောက်လှူဒါန်းခဲ့ပြီး တာဝန် ရှိသူများမှ လက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း ကန့်သတ်စောင့်ကြည့်စခန်း(၁၈)နေရာ ဆောင်ရွက် ထားရှိ ပြီး ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)