လဲချားမြို့နယ် (မူလွန်-၂)ကျောင်းတွင်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

လဲချား ဇူလိုင် ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ဥာဏ်ရည်၊ ဥာဏ်သွေးတိုးတက်မြှင့်မားလာစေရန်အတွက် အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်နွမ်းမှ ဆုံးမအဖွင့်အမှာစကားပြောကြားကာ  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (စာကြည့်တိုက်လက်ထောက်-၃) ဒေါ်ပိုပိုအောင်မှ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်သော ကျောင်းသား/ သူများဖြစ်စေရန်၊ကျောင်းပညာရေးတွင်သာမက ဘက်စုံထူးချွန်သော ကျောင်းသား/ သူများဖြစ်ထွန်းလာစေရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတ စာအုပ်၊ စာစောင်များကိုဖတ်ရှုလေ့လာသင့်သည်ဟု အသိပညာပေးဟောပြောခဲ့ကာ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းည်းကမ်း၊ သဘာဝဘေးအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။

လဲချား (မြို့နယ်ပြန်/ ဆက်)