မိုင်းဆတ် အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့် စစ်ဆေးဆောင်ရွက်နေမှုနှင့် Quarantine Center များအား ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့ နံနက် (၁၀)နာရီ က တာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့ဝင်ဂိတ်ဖြစ်သည့် ကာနဂိတ်တွင် ခရီးသွားပြည်သူများအား ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင် မှတ်တမ်းယူစစ်ဆေးခြင်း၊ သက်ဆိုင်ရာ ရပ်/ကျေးထောက်ခံချက်ပါ၊ မပါ စစ်ဆေးဆောင်ရွက် နေမှုအခြေအနေများနှင့် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့အား Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနေမှုအား ခရိုင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရန်နိုင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့ဝင်၊ မြို့ထွက်ဂိတ်များဖြစ်သည့် ဆိုက်ခေါင်ဂိတ်နှင့် ရွှေဘိုဂိတ်များကို ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် Quarantine Center များဖြစ်သည့် အ.ထ.က(မိုင်းဆတ်)၊ အ.ထ.က-ခွဲ (အ.လ.က-၁)နှင့် အ.ထ.က-ခွဲ (အ.လ.က-၂)ကျောင်းတို့တွင် Quarantine ထားရှိသူများအား ကြည့်ရှုစစ်ဆေး၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)