မြင်းခြံခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင် အခမ်းအနားမှူး သင်တန်းဖွင့်လှစ်

မြင်းခြံ ဇူလိုင် ၁၂

မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင် အခမ်းအနားမှူး သင်တန်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဖွင့်လှစ်သင်ကြားခဲ့သည်။

သင်တန်းတွင် သင်တန်းနည်းပြအဖြစ် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က အခမ်းအနားမှူး တစ်ဦးတွင် ရှိရမည့် အရည်အချင်းများအကြောင်း၊ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ရမည့် အချက်များနှင့် ဆောင်ရန်/ ရှောင်ရန်အချက်များ၊ အခမ်းအနားမှူး၏ ဝတ်စားဆင်ယင်မှုနှင့် အသံအနေအထားအကြောင်း၊ မိုက်ကရိုဖုန်းနှင့် ပြောဆိုရမည့်နည်းလမ်းများ အကြောင်း၊ အသံအဖြတ် အတောက်၊ အနိမ့်အမြင့် အသုံးအနှုန်းများအကြောင်းနှင့် အခမ်းအနားမှူး တာဝန်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် နည်လမ်းများကို စာတွေ့/ လက်တွေ့ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားမှူး သင်တန်းကို (၃) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်စားသုံးသူ ရေးရာဦးစီးဌာနနှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ သင်တန်းသူ (၁၃) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)