စဉ့်ကိုင်မြို့နယ်တွင် နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေ

စဉ့်ကိုင်  အောက်တိုဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး   ကျောက်ဆည်ခရိုင်၊ စဉ်ကိုင်မြို့နယ်တွင် မြို့နယ်မီးသတ် တပ်ဖွဲဝင် များနှင့်  မြို့နယ်အတွင်းရှိ ပရဟိတအဖွဲဝင်များ  ပူပေါင်းပြီး  ဗိုလ်တေဇလမ်း  ရန်နိုင် တံတား ထိပ်တွင် ယနေ့နံနက်(၁၀)နာရီက နှာခေါင်းစည်း Mask  များအခမဲ့ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ ကြကြောင်းသိရသည်။

ထိုသို့ နှာခေါင်းစည်း Maskများ  အခမဲ့ဖြန့်ဝေရာတွင်   ကျန်းမားရေးနှင့်အားကစားဝန်ကြီ:ဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများ Mask စနစ်တကျတပ်ဆင်စေရေး အတတ် နိုင်ဆုံးနေအိမ်ပြင်ပသို့သွားလာခြင်း မပြုလုပ်ကြပါရန်နှင့်  သွားလာပါက တစ်ဦးနှင့်တစ်ဦး ()ပေအကွာတွင် နေထိုင်သွားလာကြစေရေးနှင့် လက်ကိုမကြာခဏ စင်ကြယ်စွာစနစ်တကျ ဆေးကြောကြရန် ကျန်းမာရေး အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

အဆိုပါနှာခေါင်းစည်းMaskများအခမဲ့ဖြန့်ဝေရာတွင် မြို့နယ်ကိုဗစ်၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်းကကြီ:ကြပ်၍ မြို့နယ်မီးသတ် ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး  ဦးကျော်ဇေယျနှင့်တပ်ဖွဲ့ဝင်များ   သန္ဓေမီးသတ်တပ်ဖွဲ့ ဝင်များနှင့်   မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့ဝင်များက နှာခေါင်းစည်း Mask  (၃၀၀၀)အခမဲ့ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။

အောင်ပိုင်ပိုင်ကျော်