ပင်လုံ အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်စာစောင်၌ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များအား ယနေ့ နံနက်၁၀ နာရီအချိန်ခန့်က ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် UNESCO မှ ပေးပို့လာသည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ (၁) အချက်အလက်နှင့် ထင်မြင်ယူဆချက်များ (၂) ကလေးများနှင့် အတူတူ သတင်းကြည့်ရာဝယ် (၃) ရုပ်ရှင်အတူတူကြည့်ပါ (၄) မီဒီယာနှင့် သတင်းအချက်အလက်သိနားလည်မှုရှိသော မိဘ/ အုပ်ထိန်းမှု အတတ်ပညာ နှင့်လုပ်ကြံသတင်းများ (၅) သတင်းတင်ဆက်ချက်များထဲမှ ဓမ္မဓိဌာန် သတင်းအချက်အလက်များနှင့် ပုဂ္ဂလဓိဋ္ဌာန် သတင်းအချက်အလက်များ (၆) သတင်းခွဲခြား စိတ်ဖြာမှုနှင့် ထင်မြင် ယူဆချက်များ (၇) သတင်းတွင် အသုံးပြုသော စကားအသုံးအနှုန်းပိုင်းကို သတိထားကြည့်ရှုပါ (၈) အချက်အလက်နှင့် ထင်မြင်ယူဆချက်တို့ကို ခွဲခြားဖို့ ခက်နေပါသလား (၉)ကလေးများနှင့်အတူ စာဖတ်ပါ (၁၀) မီဒီယာ နှင့်သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှုအတတ်ပညာ-နည်းလမ်းများ (၁၁) လူမှုမီဒီယာ ပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်နှင့် ရှောင်ရန်များ (၁၂) သမိုင်းဝင်တည် နေရာများကို ပုံရိပ်ယောင် နည်းပညာဖြင့် သွားရောက်လေ့လာရာဝယ် (၁၃) မီဒီယာနှင့် သတင်း အချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့်ကြေငြာများ (၁၄) မီဒီယာ နှင့်သတင်း အချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာဆိုသည်မှာ အဘယ်နည်း (၁၅)သတင်း အချက်အလက်များက မည်သို့ဆက်စပ် အရေးပါကြောင်း ကလေးများနှင့် အတူဆွေးနွေးပါ (၁၆) ကလေး သူငယ်/လူငယ်နှင့် လူမှုမီဒီယာအသုံးပြုမှု သဘောတူညီချက်တစ်ရပ်ပြုလုပ်ပါ (၁၇) မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေး (၁၈)သင်သည် မီဒီယာနှင့်သတင်း အချက်အလက်ဆိုင်ရာ သိနား လည်မှုရှိသော မိဘ/အုပ်ထိန်းသူ တစ်ဦးဖြစ်လိုပါသလား စသည့် လေ့လာမှတ်သားဖွယ်ရာ ဗဟုသုတမျိုးစုံကို ပြသထားသည့်အပြင် ရုပ်ရှင်သရုပ်ဆောင်နှင့် အနုပညာရှင်များ၏ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး မှတ်တမ်းဓါတ်ပုံများအား ပြည်သူများ အလွယ်တကူလေ့လာကြည့်ရှုနိုင်ရန်အတွက် ပြသထား ကြောင်း သိရသည်။
နန်းမြင့်မြင့်ဆွေ