နမ္မတူမြို့နယ် အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကျင်းပ

နမ္မတူ  ဇူလိုင်  ၁၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခု၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အမှတ်(၂) အခြေခံပညာအလယ် တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ရှေ့ဦးစွာ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန်းလွင်က (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ အလယ်တန်းပြဆရာမ ဒေါ်နန်းခမ်းပွမ့်က အာဇာနည်ဆိုသည့် အဓိပ္ပာယ်၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံတော် လွတ်လပ် ရေးအတွက် ကြိုပမ်းခဲ့ပုံ၊ အာဇာနည်နေ့သမိုင်းကြောင်း အားလည်းကောင်း၊ အလယ်တန်းပြ ဆရာမဒေါ်ညိုညိုထွေးက  အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦး၏ အတ္ထုပ္ပတ္တိ စသည့်အကြောင်းအရာများအား ကျောင်းသားကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ အမှတ် (၂)အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ (၁၅၀) ဦးခန့် တက်ရောက်ရောက်ခဲ့ပြီး သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ရာ ဦးဆောင်ဟောပြောသည့် ဆရာမများက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ ကြောင်း  ကျောင်းအုပ်ဆရာကြီး ဦးသန်းလွင်ထံက သိရသည်။

လူမော် (ပြန်/ဆက်)