သီပေါ ဇူလိုင် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အမှတ်(၁) အခြေခံပညာ အလယ်တန်း ကျောင်းခွဲ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီက အသိပညာပေး ဟောပြောပွဲနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြပွင့်ဖြူက မုန်တိုင်းဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်း အရာများနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို ကျောင်းသား၊ကျောင်းသူများအား ဟောပြောခဲ့ပြီးနောက် ဒုတိယဦးစီးမှူး ဒေါ်အိအိမျိုးက မုန်တိုင်းများ၏ အန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေရန် အရောင်ဖြင့် သတိပေးစနစ်များ ရှိပါကြောင်းနှင့် အရောင်သတ်မှတ်ချက်များအား ဆက်လက်ဟောပြောခဲ့ရာ ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း၊ ဆက်လက်၍ မုန်းတိုင်းဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်လေး(ပြန်/ဆက်)