ကမာရွတ်မြို့နယ်၌ သန့်ရှင်းရေး ဝန်ထမ်းများအား အလှူငွေများ လာရောက်လှူဒါန်း

ကမာရွတ်   အောက်တိုဘာ  ၁၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲရေး လုပ်ငန်းတာဝန်ခံ အဖွဲ့ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ မြို့နယ်သန့်ရှင်းသာယာလှပ ရေးအတွက် နေ့တာဝန် ညတာဝန် ထမ်းဆောင်နေကြသော သန့်ရှင်းရေး ဝန်ထမ်းများအား ယမန်နေ့ နေ့လည်ပိုင်းက စေတနာရှင်မိသားစုမှ လာရောက်လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် သန့်ရှင်းရေး ဝန်ထမ်းများအား ကမာရွတ်မြို့နယ်နေ အမှတ် ၅ ရပ်ကွက် ဟံသာရိပ်မွန်အိမ်ရာနေ ဒေါ်ခင်စုဝေမှ တစ်ဦးလျှင် (၅၀၀၀၀)ကျပ်နှုန်းဖြင့် ဝန်ထမ်း (၁၁၀) ဦးအား စုစုပေါင်းငွေ(၅၅)သိန်းကျပ်တိတိ လာရောက်လှူဒါန်းခဲ့သည်။ လာရောက် လှူဒါန်းမှုကို တာဝန်ရှိသူမှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပြီ သန့်ရှင်းရေးဝန်ထမ်းများအား ပြန်လည် ခွဲဝေပေးအပ်ခဲ့​ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)