သီပေါမြို့နယ်၌ မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသား (၅၈)ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RDT ဖြင့် စစ်ဆေး

သီပေါ အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသား (၅၈)ဦးအား သီပေါ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ် ဒေါက်တာမျိုးအောင် ဦးဆောင်သော COVID-19 RDT စစ်ဆေးရေး အဖွဲ့သည် အထူးရဲသင်တန်းဖွင့်လှစ်ပို့ချနေသည့် သာသနာ ၂၅၀၀ ပရိယတ္တိစာသင်တိုက်သို့ ယမန်နေ့ နံနက်ပိုင်း က COVID-19 RDT စစ်ဆေးခြင်းအား သွားရောက်ဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် အထူးရဲသင်တန်းသား (၅၈)ဦးအား RDT (Rapid  Diagnostic Test) ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးခဲ့ရာ သင်တန်းသားများတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရကြောင်း သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)