မိုင်းရှူးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေး

မိုင်းရှူး အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂ဝပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲတပ်ဖွဲ့ဝင် (၄၅)ဦး အား ယနေ့နံနက်ပိုင်း က ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မိုင်းရှူးမြို့နယ် ကျန်းမာရေးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်း ဦးဆောင်ကာ ကျန်းမာရေး ဝန်ထမ်းများက မိုင်းရှူးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင် ကြမည့် အထူးရဲသင်တန်းတွင် တက်ရောက်နေကြသော အထူးရဲတပ်ဖွဲ့ဝင် (၄၅)ဦးအား COVID-19 Antigen Test Kit (RDT) ဖြင့် စစ်ဆေးခြင်းဆောင်ရွက် ခဲ့ရာ အထူးရဲတပ်ဖွဲ့ဝင်များအားလုံး ကိုဗစ်- ၁၉ရောဂါပိုး မရှိကြောင်း မြို့နယ် ကျန်းမာရေးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်း ထံမှ သိရသည်။

မိုင်းရှူးမြို့နယ်တွင် မဲရုံ (၄၅)ရုံရှိပြီး မဲဆန္ဒရှင် (၅၂၀၇၁)ဦးရှိကြောင်းနှင့် ယနေ့ကျန်းမာရေး စစ်ဆေးခံသည့် အထူးရဲတပ်ဖွဲ့ ဝင်များအနေဖြင့် အဆိုပါမဲရုံများ၌ တာဝန်ထမ်းဆောင် ကြမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)