တောင်ကုတ်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအသိပညာဗဟုသုတတိုးပွားရေးအတွက် နယ်လှည့်စာကြည့်တိုက်နှင့်နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

တောင်ကုတ် ဇူလိုင် ၁၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအသိပညာဗဟုသုတတိုးပွားရေးအတွက် နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က ဝက်ကျိတ်ကျေးရွာရှိ အခြေခံပညာမူလတန်း(မူလွန်)ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့နယ်လှည့်စာကြည့်တိုက်နှင့်နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ရာတွင် ဝက်ကျတ်ကျေးရွာအခြေခံပညာ မူလတန်း(မူလွန်)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများစာပေဖတ်ရှုတတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့်အနာဂတ်တွင် တိုင်းပြည်အတွက် အားထားရသည့် သားကောင်းရတနာများဖြစ်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်သန်းနုနှင့်ဝန်ထမ်းများက ယဉ်ကျေးလိမ္မာပုံပြင်စာအုပ်များဖတ်ရှုစေခြင်း၊ ပုံပြင်များပြောပြခြင်းများကိုဆောင်ရွက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက ပြသထားသည့်နံရံကပ်စာစောင်ကို စိတ်ဝင်စားစွာကြည့်ရှုကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်များအသိပညာဗဟုသုတတိုးပွားရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများနှင့် နံရံကပ်ပြပွဲများခင်းကျင်းပြသခြင်းများအပြင် လူငယ်စကားဝိုင်းများကိုလည်း ကျင်းပလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်