နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တောင် ကြိုးတံတား ပြုပြင်မွမ်းမံနေမှု ကြည့်ရှု၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံ

စစ်တွေ    ဇူလိုင်  ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင်လိုက်ပါလာသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ တပ်မတော်အရာရှိကြီးများနှင့်အတူ ယမန်နေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ဒဏ်သင့် ပုဏ္ဏားကျွန်းမြို့၊ မောင်တောမြို့နှင့် ဘူးသီးတောင်မြို့နယ်များအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။

ဦးစွာ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည်  မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်မင်္ဂလာကြိုးတံတား ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းခွင်သို့သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဗိုလ်ချုပ်ကြီး မြထွန်းဦးက မိတို့ဌာနအလိုက် လုပ်ငန်းတာဝန်များကို စည်းစည်း လုံးလုံးဖြင့် ဆောင်ရွက်နေကြသည်ကိုတွေ့ရှိရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ဌာနဆိုင်ရာများ အနေဖြင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ လစဉ်လုပ်ငန်း တာဝန်များကို ပူးပေါင်းဆောင်ရွက်နေကြသည်ဟုသိရှိရပါကြောင်းနှင့် အုပ်ချုပ်ရေးတာဝန်များ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စည်းစည်းလုံးလုံးဖြင့် လုပ်ဆောင်ပေးကြစေလိုကြောင်းပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေးပစ္စည်းများ ပေးပို့ရောက်ရှိဖြန့်ဖြူးနေမှုအခြေအနေ၊ ထွန်စက်နှင့်လက်တွန်းထွန်းစက်များ ဖြန့်ဖြူးပေးထားမှုနှင့် ထွန်ယက်နေမှုအခြေ၊ မျိုးစပါးနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးနေမှုအခြေအနေ၊ မုန်တိုင်းဒဏ်သင့် အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများ ပြုပြင်ပြီးစီးမှု၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုနှင့် ဆက်သွယ်ရေးလိုင်းများ ပြုပြင်ပြီးစီးမှု အခြေအနေကို ရှင်းလင်းတင်ပြကြရာ ဗိုလ်ချုပ်ကြီး မြထွန်းဦးက လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် မြို့မရဲစခန်း၌ တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်များ၏ မိသားစုများနှင့်တွေ့ဆုံ၍ စခန်းအတွက်လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကာ ဒုတိယ ရဲချုပ်က ရဲဗိုလ်ချုပ်က တပ်ဖွဲ့ဝင်မိသားစုများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ဆက်လက် ဗိုချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် စခန်းအတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်၏ ငွေတိုက်အား ကြည့်ရှုစစ်ဆေးပြီး ငွေတိုက်လုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး အထူးဂရုပြုကြပ်မတ် ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် မောင်တောမြို့သို့ သွားရောက်ပြီး အမှတ်(၅) နယ်ခြားစောင့်ရဲ တပ်ဖွဲ့ခွဲ အစည်းအဝေးခန်းမ၌ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်များ၏ မိသားစုများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားပြီး တပ်ဖွဲ့ဝင်မိသားစုများအတွက် စားသောက်ကုန် ပစ္စည်းများကို ထောက်ပံ့ပေးသည်။

ယင်းနောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် မောင်တောမြို့ သာသနာ့ဗိမာန်တော်၌ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံအားပေးစကား ပြောကြားသည်။ တွေ့ဆုံပွဲတွင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက နယ်စပ်ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် ဆက်လက်၍ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ဆန်၊ ဆီ၊ ရေသန့်စက်နှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ကြပြီး အဆိုပါ သာသာနာ့ဗိမာန်၌ မောင်တော မြို့နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးစကဏ္ဍများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှူးနှင့် ဆက်လက် ဆောင်ရွက်အစီအမံများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အဖွဲ့သည် မောင်တောမြို့၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်တို့ကို သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။

ညနေပိုင်းတွင် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ဘူးသီးတောင်မြို့သို့ သွားရောက်ပြီး အမှတ်(၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အစည်းအဝေးခန်းမ၌ တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်များ၏ မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားကာ တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)