သပိတ်ကျင်း ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့မရဲစခန်း၌ ခရိုင်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်း၊ UID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းများကို ဇူလိုင်လ ၇ ရက်နေ့၊ နံနက်(၁၀)နာရီက အဆိုပါရဲစခန်းရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဖြိုးဝေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်နှင့် မြို့မရဲစခန်းမှူး ဒုရဲမှူးရန်နိုင်မင်းတို့၏ကြီးကြပ်မှုဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ဆောင်ရွက်ခြင်းဖြစ်ပြီး အသက်(၁၀)နှစ်နှင့်အထက် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ဂဏန်း ၁၀ လုံးပါဝင်သည့် UID ကတ်များပြုလုပ်ပေးနိုင်ရေး ဇီဝဆိုင်ရာ အချက်အလက်စိစစ်ကောက်ယူခဲ့ရာ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် စုစုပေါင်း(၁၇၂)ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)